• NLD ရပ်တည်ခွင့် ဆွေးနွေး
    NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ နောက်ဆုံးအထူးအယူခံတင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ဥပဒေရေးရာ အကြံပေး အဖွဲ့တို့ ယနေ့တွေ့ဆုံ ဆွေးနွေးကြောင်း NLDက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည့် ကိုယ်တိုင် ကျမ်းကျိန်ဆိုပြီး တင်ခဲ့ သည့် ပါတီရပ်တည်ခွင့် အယူခံကို နေပြည်တော်မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့က ပယ်ချခဲ့ခြင်း ဖြစ်သည်။
  • ဂီရိ ဒဏ်သင့်ဒေသသို့ ဒေါ်အောင်ဆန်းစုကြည် ကျပ် သိန်း ၁၀၀ လှူ
    ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်မှ ဂီရီမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်းကြောင်း NLDက ပြောသည်။ ဂီရိမုန်တိုင်းဒဏ်ခံရသည့် မြေပုံမြို့သို့ CRPPအဖွဲ့ဝင်မျာဖြစ်သည့်ဦးအေးသာအောင်၊ ဦးထောင်ခိုထန်း၊ NLD အမျိုးသမီးအဖွဲ့မှ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဗဟိုအလုပ်အမှုဆောင် ဦးကြည်ဝင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဒလမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းချိုတို့ ဦးဆောင်ပြီး ယနေ့သွားရောက် လှူဒါန်းကြ ကြောင်း သိရသည်။
  • အိန္ဒိယက မြန်မာ ဘုရားဖူးများကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်
    နှစ်သစ်ကူး အထူးအစီအစဉ်အဖြစ် အိန္ဒိယသို့ ဘုရားဖူးလာလျှင် အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် လာအိုတို့ကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်ဟု အိန္ဒိယ ခရီးသွားလာရေး ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယသတင်းစာ တစောင်တွင် ရေးသားထားသည်။ ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည့် အစီအစဉ်ကို လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်မည်ဟု သိရသည်။
  • ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ၁ လပြည့် ကျင်းပ
    ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှု တလပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်း NLD အဖွဲ့ဝင် ၁၅ ဦးက မန္တလေးဆေးရုံကြီး သွေးလှူဘဏ်တွင် သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။ ရန်ကုန် ၁၀ မိုင်ကုန်းရှိ ရွှေတောင်ကုန်း ပဏ္ဍိတရာမ ကျောင်းတိုက်နှင့် NLD အဖွဲ့ချုပ် ရုံးတို့တွင်လည်း တလပြည့် အခမ်းအနားများ ကျင်းပနေသည်။
  • ဂျာနယ်များ ပေါ်လစီ ဆောင်းပါး ပြန်ထည့်ရမည်
    ပြည်တွင်းထုတ် ဂျာနယ်များအားလုံး ယခုတပတ်မှ စတင်ကာ အစိုးရ ပေါ်လစီ ဆောင်းပါးပြန်ထည့်ရမည်ဟု စာပေစိစစ်ရေးက ညွှန်ကြား ထားကြောင်း သိရှိရသည်။ ဂျာနယ်များတွင် ပေါ်လစီဆောင်းပါး ထည့်သွင်းဖော်ပြခြင်းကို ရပ်နားထားသည်မှာ ၃ လ ကျော် ခဲ့ပြီဖြစ်ပြီး ယခုမှ ပြန်လည်ထည့်သွင်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။
1 2 3 4 5
No posts.
No posts.